အပြုံးတွေနဲ့  စစ်ခင်းခဲ့ရတဲ့ ညတွေ
မင်းအမုန်းစစ်တလင်းမှာ ပြန့် ကျဲနေတဲ့ 
ဒဏ်ရာတွေကိုယ်သူမသိဘူး
ငိုခြင်းဖွဲ့ သံစဉ်တွေတီးခတ်ရင်း
နံနက်မိုးသောက်ခဲ့ပြန်တယ်
Nay Young
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Tuesday, December 2, 2014
Friday, June 20, 2014
ဘယ်အငြိုးတွေကြောင့်လဲကွယ်
သူဌေးကညစ် money ကပျက်
စစ်သားကလိုက် ပြေးတော့ပစ်
ငါမြင်ကွင်းရှေ့ကအဖြစ်ဆိုးတွေ
သူတောင်းစားတွေတဲ့လား ပြောရက်လိုက်တာ
ငွေကိုင်ထားတဲ့လက်တွေနဲ့....
ဒေါသကိုယ်မြိုသိပ် အံကြိတ်လို့
မခံချင်စိတ်တွေနဲ့ခေါင်းငုံခဲ့ရတဲ့ ငါတို့အဖြစ်...!!
မိုးထဲလေထဲအိပ်စက်ရ အမိုးအကာမဲ့စွာနဲ့
ခြင်ကကိုက် ပျားကလိုက် ခွေးကကိုက်
အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရဲ့အသက်
မိုးဖွဲဖွဲလေးကြားမှာ ပျောက်ဆုံးခဲ့ရတယ် ...
ကံကြမ္မာကိုယ်ပဲအပြစ်တင်ရမှာ ဘယ်အငြိုးတွေကြောင့်လဲကွယ်
ဝဋ်ကြွေးရှိခဲ့ရင်ကျေပါစေတော့ ကျေစေတော့...!!
သြော်... ဒါဘဝတဲ့လား ခါးလိုက်တာ
အခုလို့ညနက်နက်မှာ ငါကဗျာဖွဲ့နေလေမိရဲ့
အခုချိန်ခါမှာ ဆာလောက်မူကိုယ်မြိုသိပ်
မိုးရေကလေးနဲ့အားဖြည့်ရင်း မနက်ဖြန်အတွက်
မျော်လင့်ချက်ယဲ့ယဲ့လေးနဲ့ ငါအသက်ဆက်ရှင်သန်နေခဲ့တယ်...!!
Nay Young
ပိုးဖလံလိုအချစ်
တိတ်တခိုးနဲ့ အရူးထနေမိဆဲ
အဖြူရောင်ပန်းပွင့်တွေကြား နင့်လက်ကိုယ်ဆွဲလို့
ကမ္ဘာတစ်ဖက်ကိုယ်ပြေးထွက်သွားချင်မိတဲ့ ငါ့စိတ်ကူးတွေရယ်
ဂီတာအိုလေးနဲ့ အချစ်တေးဆို ငိုမျက်ရည်လဲကျခဲ့ဖူးတယ် ...!!
ခြွေပါမေ... မဝေခင်ကတည်းကကြွေနေသူမို့
မရေမရာနဲ့ အပေအတေဆန်ဆန်လျှောက်လှမ်းနေဆဲ
ရင်တစ်ခုလုံးနွမ်းကြွေ ရမ်းခါနေဆဲဒီရင်ဘတ်
ဖွင့်ဟပြောခွင့်မရှိတဲ့ဘဝ ငိုခြင်းချလို့
ခံစားချက်ကိုယ်သီကုံး ကဗျာတွေနဲ့ငါပြုံးခဲ့တယ် .....!!
ငါအဖြစ်ကပိုးဖလံလေးတွေလိုပါပဲ မီးနားမှာတစ်ဝဲလည်လည်နဲ့
အဆုံးမှာသေရမှာသိရက်နဲ့ဝင်တိုးနေမိတယ်
အရုံးနဲ့ပါပဲ ခက်ဝေးဝေးကအပြုံးလေးတွေ
နင်မြင်နိင်ပါ့မလား ကောင်မလေးရယ်
ငါ့ဘဝနေဝင်ချိန်ထိနောက်ဆုံးပေးဆပ်သွားပါ့ရစေ
ပိုးဖလံလိုအချစ်မျိုးနဲ့လေ ...!!
Nay - Young
Thursday, May 22, 2014
မိုးစက်နဲ့အတူ
အာကာတစ်ခွင်တိမ်တွေညို
မိုးစက်တွေကြွေတော့ ငါငို...
ပြိုလဲမကျအောင် ငါကိုယ်ငါမာန်တင်း
အပြုံးတွေနဲ့ငါစစ်ခင်းခဲ့တယ်...
ငါ့နှလုံးသားနုနု မကြွေခင်လေ
နင်အတွက်နောက်ဆုံး
အပြုံးလှလှလေး ငါဖန်ဆင်းပေးမယ်
လိုချင်တစ်လောက်ယူပါမေရယ်...
ဟို... ကောင်းကင်ယံကလေယဉ်ပျံ
တိမ်လွှာတွေကိုယ်ခွင်း အဆုံးအစမဲ့စွာ
အမြင့်ကိုယ်ပျံသန်းသွားခဲ့ပြီးပဲလေ...
ညိုနေတဲ့တိမ်တိုက်တွေလဲ မိုးအဖြစ်ရွာချကုန်ပေါ့
ငါပြုံးနေတဲ့ကြားက ငါပါးပြင်ထက်က
ပူနွေးတဲ့အရာတစ်ချို့........
ဟာ....... ငါငိုနေမိပါလား ...!!
credit - Nay - Young
Wednesday, May 21, 2014
ချစ်ရတဲ့နှင်း...
သူအမည်က နှင်းဝတ်ရည်တဲ့ သနပ်ခါးပါးကွတ်ကြားနဲ့ 'ပဲ'များတက်တယ်
မျက်နှာကဘောလုံးလို ဝိုင်းဝိုင်းစက်စက်နဲ့မို့
လူတစ်ကာငေးမောရတဲ့အထိ...
မျက်လုံးကလဲဆွေ့နေတာမို့
လေယဉ်ကြည့်ပြီး မြေပြင်ထက်က
ပက်ဆံကောက်ရတာလဲအခါခါ...
လမ်းသွားရင် အမူအရာကအပြည့်မို့
မောင်ခေါ်ရမယ့်အစား တစ်မှောင် မှောင်နဲ့
နေရောင်ဖြစ်တဲ့ငါ အမြဲတမ်းမှောင်နေကျ...
နှင်းဝတ်ရည်အသက်က 17 နှစ်
နေရောင်အသက်က 18နှစ် 1နှစ်လောက်ကွာတာပေါ့
ဆရာလိုလို ဘာလိုလို နဲ့ လုပ်လိုက်ရင်တစ်လွဲ
သူလုပ်တစ်မျှ ပြသနာတွေကိုယ်ရှင်းရတာလဲအခါခါ
ဒါပေမယ့် နှင်းကလဲနေရောင်ကိုယ်သိမ့်ချစ်
နေရောင်ကလဲနှင်းကိုယ်သိမ့်ချစ်မို့
ချစ်သူအဖြစ်ကရပ်စဲရန်မလို...
ချစ်ရတဲ့နှင်းရေ...
နင်နဲ့ငါအကြောင်းကိုယ်လဲ မကွယ်ဝှက်ပဲ
face book ကသူငယ်ချင်းတွေသိအောင်
ရင်ဖွင့်ပြလိုက်တယ်...
အဲတာနေရောင်ချစ်သူ နှင်းလေးပေါ့...!!
credit - Nay - Young
အရှုံးပေးတာ ဒုံးဝေးတာမဟုတ်ဘူး
ဝေးခဲကြပြီးပဲလေ
အလွမ်းတွေကို စာဖွဲ.ပြီးမပြောချင်တော့ပါဘူး
နင့်အတွက်ဆိုအသင့်
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့တဲ့ငါ့..
အချစ်ကိုဈေးကစား
ပေါ့ပျက်ပျက်နင့်အချစ်တွေကြောင့်
နောက်ဆုံးအသဲကွဲရတာငါပေါ့...
ငါမာနကိုယ် ငါရိုက်ချိုးမင်းရှေ့ဒူးထောက်ခဲ့တာ
မင်းကိုယ်သိမ့်ချစ်မိလို့...
အရှုံးပေးခဲ့တာပါချစ်သူ
ငါဒုံးဝေးခဲ့တာမဟုတ်ဘူး...
credit - nay - young့
သံသယအကြည့်
အဖြစ်အပျက်က သံသယတစ်ချက်
ယုံကြည်မူပျက်လိမ့်မယ်လို့ ငါတစ်ခါမှမတွေးမိဘူး
သိပ်အလိုလိုက်လို့ အမိုက်စော်ကားတာလား
အသစ်မြင်လို့ အဟောင်းမေ့တာလား
ဘာမှန်းမသိပေမယ့် ခါချသွားခဲ့တော့
ခံရတဲ့ရင်ဘတ်ကတော်တော်နာတယ်...!!
ကြွေနေဆဲ ကြယ်ပွင့်လေးတွေဘဝကိုယ်
တစ်ယောက်ထဲအဖော်ကွဲ ဥသြငှက်လေးက
တွေ့ဖြစ်မှာမဟုတ်ဘူး...
နေမင်းကိုယ်မတွေ့ရခင်မြေမှာကြွေနေရှာတဲ့
စံပယ်တစ်ပွင့်ရဲ့အလှကိုယ် နေမင်းကြီးက
ဂရုစိုက်မိမှာမဟုတ်ဘူး...
တစ်ယောက်ထဲလွမ်းရစ် ဒဏ်ရာကတစ်ဆစ်ဆစ်နဲ့
နင်အတွက်ရေးစပ် ကာရံထပ်နေတဲ့
ငါကဗျာတွေကိုယ်လဲ နင်ဖတ်ဖြစ်မှာ
မဟုတ်ပါဘူးလေ...!!
ရင်ခုန်သံစကားတစ်ခွန်း
ပန်းပွင့်လေးတွေလဲတုမမှီ ကဗျာနဲ့စာစီလဲကာရံမညီ
သီတာထိုင်ငိုရလောက်တဲ့ မင်းရဲ့အလှမို့
ငါချစ်မိသွားပြီးကောင်မလေးရေ...
ခက်ကြမ်းကြမ်းရင်ခုန်သံ ရိုးရှင်းလှတဲ့ဒီအိမ်မက်
ရင်ဘတ်ထဲကအချစ် အပြစ်တစ်ခုလားကွယ်
မယုံရင်လဲ ကြုံရာလူကိုယ်မေးကြည့်
ခက်လန်းလန်းကဗျာနဲ့ နင်သိအောင်ပြောလိုက်မယ်
ဟိုကြည့်ဒီကြည့်လုပ်မနေနဲ့ နင့်ကိုယ်ပြောနေတာ
ဒီကဗျာကိုယ်ကြောင်တောင်နဲ့ ဖတ်နေတဲ့ကောင်မလေးရေ...
ဒီဘဝမှာတော့ နင်တစ်ယောက်ထဲကိုယ်ပဲ ငါချစ်တယ်...!!
အဖြည့်ခံ
မတီးဖြစ်တာကြာခဲ့တဲ့ ငါဂီတာ
သံချေးတက်ပေမယ့် ဂီတာသံကသာယာနေတုန်း
မရေးဖြစ်တော့တဲ့ ငါကဗျာ
ကာရံမညီတော့ပေမယ့် ခံစားချက်တွေအစစ်ပါနေတုန်း
အများကငြိုငြင်မလိုချင်တော့တဲ့ ပန်းရိုင်းလေးတစ်ပွင့်ကိုယ်
ငါမြတ်နိုးစွာ ပြုစုပျိုးထောင်ပေးခဲ့လို့
အခုဆိုရင်...အကိုင်းအခက်တွေဝေဆာလို့
လူတစ်ကာမြတ်နိုးတန်ဖိုးထားတက်ကုန်ပြီး
တစ်ကယ်တော့ငါဟာ ဥယျဉ်မှူးလေးတစ်ယောက်ပါ
credit - Nay - Young
Friday, May 9, 2014
အဖြည့်ခံ
ဘဝကကြမ်းတယ် ပန်းခင်းလမ်းမှမဟုတ်တာမေ
မင်းအတွက်ငါ အကောင်းဆုံးတော့ဖြည့်ဆည်းခဲ့တယ်နော်
မပျော်ဘူးဆိုလဲထားခဲ့နိင်ပါတယ်လေ မတားရက်ပါဘူး
ခဏသာနင်နားခိုခဲ့တဲ့အရိပ် တိတ်တိတ်လေးတောင်းဆုပြုလိုက်ချင်ပါရဲ့
မင်းဘဝလေးရေလို့အေးလို့ ပန်းလိုချမ်းမြေ့ပါစေ...!!!
credit - Nay - Young
မင်းအတွက်ငါ အကောင်းဆုံးတော့ဖြည့်ဆည်းခဲ့တယ်နော်
မပျော်ဘူးဆိုလဲထားခဲ့နိင်ပါတယ်လေ မတားရက်ပါဘူး
ခဏသာနင်နားခိုခဲ့တဲ့အရိပ် တိတ်တိတ်လေးတောင်းဆုပြုလိုက်ချင်ပါရဲ့
မင်းဘဝလေးရေလို့အေးလို့ ပန်းလိုချမ်းမြေ့ပါစေ...!!!
credit - Nay - Young
Thursday, January 16, 2014
ရိုးရိုးလေးပါ...
ငါ့အနာဂတ်ကို ငါ့ကိုယ်တိုင်ထုဆစ်ရင်း
မဖိတ်ခေါ်ပဲ ကြိုတင်စောင့်ကြိုနေတာ
ဖြေမသာတဲ့နွေကမ္ဘာ...
လောဘ ဒေါသနဲ့မောဟတွေကြားမှာ
ငါ့မာနပါးပါးလေးတောင်ပြိုလဲချင်နေပြီး
အားတင်းပြုံးနေရတဲ့ ငါ့ဘ၀ကို
ရင်ဖွင့်ပြရင် နင့်ပါးပြင်ထက်က
မျက်ရည်လေးကြွေလွှင့်သွားမှာ
ငါ့စိုးရိမ်တယ်တယ်ချစ်သူ
ဝေဒနာ အထပ်ထပ်နဲ့
ခရီးဆက်နေရတဲ့ လူတစ်ယောက်မို.
ဒဏ်ရာတွေ နောက်ထပ်မပေးပါနဲ့တော့လား
ငါ့ရိုးရိုးလေး တောင်းဆိုကြည့်မိတာပါ........
nay - young
အချစ်ဒဏ်
ညချမ်းလေအေးအေး
ဂီတာသံခက်ဖြည်းဖြည်း
အလွမ်းတေးတစ်ပုဒ်
ခက်တိုးတိုးဆိုညည်းမိ
လေအဝေ့မှာ
ဝေ့ဝေ့တက်လာတဲ့
မျက်ရေတွေကို အခါခါသုတ်မိ
ယောက်ကျားတစ်ယောက်ရဲ့
မာနလဲ မြေခ” ရပြီးလေ....
ငါ့မှာဘာမှမရှိပါဘူး ချစ်သူ
၇ှိတစ်လောက်လဲ ငါပေးဆပ်ခဲ့ပြီးပြီးလေ
ဘာများလိုနေသေးလဲ
ငွေ”ဆိုတဲ့မျက်နှာတစ်ချက်နဲ့
ရင်နင့်အောင်ချစ်ခဲ့တဲ့
ငါ့နှလုံးမြေကိုအင်္ပြုးတစ်ချက်နဲ့
နင်းခြေရက်တယ်
တော်ပါတယ်ချစ်သူ....
ပကာသနမဲ့တဲ့ အချစ်မှာ
အဖြူရောင်သက်သက်ပဲ ပေးနိင်ပါတယ်
ငွေ” မက်တဲ့နင့်အတွက်တော့
အချစ်စစ်ကို မြင်နိင်မှာ မဟုတ်မှန်း
ငါ့နားလည်လိုက်ပါပြီးလေ..............
nay - young
Tuesday, January 14, 2014
မင်းအတွက်ရည်စူး ငါပန်းခူးခဲ့ပေမယ့်
မမြင်ချင်ပဲ မြင်လိုက်ရတဲ့မြင်ကွင်းက
ငါရင်ကိုနင့်စေတယ်
မကြင်နာချင်လဲ အစကတည်းက
ပစ်ခွာလို.အသစ်ရှာလိုက်ပါလားချစ်သူ.....။
စူးနစ်အောင်ချစ်ခဲ့တော့
ရူးလောက်အောင်ခံစားရတဲ့
ငါအဖြစ်ကိုယ် နင်သိနိင်မှာမဟုတ်ပါဘူးလေ
သစ်ရွက်ဆွေးတွေ
ဝေဟင်ထဲမှာ ၀ဲလို.ကြွေလွှင့်ကုန်ပြီး
ရွက်သစ်လေးတွေ ထွက်လာဖို.အတွက်တဲ့လေ......
nay - young
Saturday, January 11, 2014
မိုးသားထက်ကငါ
ငါ့ဘ၀နေရောင်ကခက်ပြင်းပြင်း...
အရောင်အဆင်းများလှတဲ့
လောကမာယာများအလယ်မှာ..
ရှိုတ်သံခက်သဲ့သဲ့နဲ့
တိတ်တစ်ဆိတ် ငိုကြွေးခဲ့ရတဲ့
အမှတ်တရ ညနေခင်းတွေရယ်......
မသေချာသေးတဲ့
ငါ့အနာဂတ် အလင်းရောင်
ခပ်ပါးပါးကို မှန်းမျှော်ရင်း
အားအင်ချည့်နဲ့စွာ..
ရှောက်လှမ်းနေရတဲ့
ယိုင်နဲ့နဲ့ ငါ့ခြေလှမ်းတွေရယ်...
ငါ့ .. ရင်မှာပြည့်နှက်နေတဲ့
နာကျင်စရာတွေ ငိုကြွေးခဲ့ရတာတွေကို...
ငါ့နှလုံးသားတစ်နေရာမှာ
ယာယီ သိမ်းထားပြီး....
လောကကြီးကို ပြောချင်နေတာ
ငါ့မသေ သေးတစ်မျှတော့
ငါ့ .....နင့်ရှေ့မှာ ..
ဘယ်တော့မှ.”ဒူးထောက်အရှုံးပေးမှာ”
မဟုတ်ဘူး.......။
♫♪ နေရောင်♪♫
ကြွေပန်းတစ်ပွင့်ရဲ့  ဒိုင်ယာရီ
မဝေကတည်းက
စောစီးစွာကြွေနေရှာတယ်
မမွှေးခင်ကတည်းက
ရနံပြယ်နေတဲ့  ဒီပန်း
ဒီလမ်းလေးမှာပဲ ခက်နွမ်းနွမ်းရှိနေတယ်
ပညာမစုံသေးပါဘူး ကြင်ရာစုံချင်နေတယ်ထင်ပါရဲ့ 
အချိန်မတန်သေးတဲ့  ဒီအရွယ်
အိမ်ပြန်ချိန်တွေ နောက်ကျတတ်နေပြီ
အလှဂုဏ်တွေမက်လို့ 
ငွေရဲ့ ကျေးကျွန်အဖြစ်နဲ့ 
တဏှာရမ္မက်တွေကြား စီးမျောရင်း
ဘာသာပျောက်နေတဲ့  မြန်မာမလေးရယ်
ဘဝကိုဈေးကစားတဲ့  မင်းလေးကို အရမ်းနှမျောတယ်
ပန်းကောင်းအညွှန်ချိုးခံရတာမဟုတ်ပဲ
ကိုယ်အညွှန်ကိုချိုးနေသလို
ပန်းတိုင်းမှာ ရနံမရှိပေမယ့်
ပန်းတစ်ပွင့်တိုင်းမှာ ဒိုင်ယာရီဆိုတာရှိတယ်
အစမကောင်းတဲ့ ခဲ့ တဲ့ ဒီပန်း
နောက်ဆုံးကြွေချိန်မှာ
နင်းခြေခြင်းရဲ့  ပန်းရိုင်းတစ်ပွင့်
မဖြစ်ပါစေနဲ့ လို့  ဆုတောင်းနေမိတယ်
ပန်းရိုင်းတစ်ပွင့်နဲ့ တူတဲ့ 
ဒိုင်ယာရီထဲက ကောင်မလေးရယ် ။
ဖိုးခွားလေး (ကော့မှူးမြို့ )
Wednesday, January 8, 2014
မြင်နိုင်မလား.......ချစ်သူ
စောစီးစွာကြွေရှာတဲ့ စံပယ်ပန်းမှ
သနားစရာကောင်းတာမဟုတ်ဘူး
တစ်ကောင်တည်း အဖော်ကွဲတဲ့ဥသြငှက်မှ
လွမ်းမောဖွယ်ကောင်းတာမဟုတ်ဘူး
တစ်ဖတ်သက်အချစ်နဲ့ မိန်းကလေး အချစ်မှ
မျှော်လင့်ရင်မော ကြေကွဲစရာကောင်းတာမဟုတ်ပါဘူး
ဖွင့်ဟပြောချင်ပေမဲ့  ရင်နစ်အောင် တိတ်ဆိတ်ငြိမ်သက်
ပြောခွင့်မရှိတဲ့  ယောင်္ကျားတယောက်ရဲ့  အချစ်ကလည်း
အရမ်းကိုနာကျင်ခံစား သူမသိအောင် တိတ်ဆိတ်ကြေကွဲနေရတယ်
အသဲမမာတဲ့  ယောင်္ကျားထဲ ငါအပါဝင်ပေါ့ ချစ်သူရယ်
ရေတတ်ဦး ငါးဇင်ရိုင်းလို ခဏလေးတွေ့ ပြီး ခဏလေးမချစ်ချင်ဘူး
ဖွဲမီးလို တရွေ့ ရွေ့ တစ်မြေ့မြေ့နဲ့  စွဲစွဲလန်းလန်းနဲ့  နစ်နစ်ခါခါချစ်ချင်တာ
ချစ်သူသိပါစေလေ ချစ်သူရဲ့  ကမ္ဘာတဖက်မှာ ကြယ်လေးတွေကြွေနေတယ်
ချစ်သူ ကြည့်ဖြစ်မှာ မဟုတ်ပါဘူး
မနက်ခင်းကို မျက်နှာမူ စောင့်နေတဲ့ 
နေကြာပန်းလေးကို နေမင်းကြီး ဂရုစိုက်မိမှာမဟုတ်ဘူး
လရောင်ရဲ့ အလင်းရမှ ပွင့်ရှာတဲ့  ပဒုမ္မာပန်းရဲ့အဖြစ်ကို
လမင်းကြီး သိမှာ မဟုတ်ပါဘူး
ချစ်သူရဲ့  နောက်ကျောမှာ ကြိတ်ကာ ငိုနေတဲ့  ငါ့ရဲ့  အဖြစ်ကိုလည်း
မသိနိုင်တော့ဘူးလား ချစ်သူရယ်.... မသိနိုင်တော့ဘူးလား
ဖိုးခွားလေး
အချစ်ထက် အရေးကြီးတာ
အချစ်ဆိုတာ ဘာလဲလို့ 
ငါမသိပါဘူး သိလည်း မသိချင်ဘူး
ဘယ်လိုချစ်ရမယ် ဆိုတာ ငါမသင်ချင်တော့ဘူး
အချစ်ကို ငါခံယူထားသလို ငါနားလည်ထားသလို
အစွမ်းကုန် ချစ်ပြခဲ့  ပြီးပြီး ဘာတွေများလိုနေသေးလို့ လဲ
မင်းအထင်ကြီးတာတွေထဲ
ငါ့အချစ်တွေ အရည်ပျော်လို့ 
အရောင်တွေ မှေးမှိန်ကုန်တာ ကြာလှပေါ့
မင်းသိပ်မက်မောတဲ့  ပကာသန အယောင်ဆောင်တွေကလည်း
ငါ့အတွက်တော့ စိတ်ကူးယဉ်ရုံလေးပါပဲ
ငါ့မှာ ဘာမှမရှိပါဘူး ရှိတဲ့  ငါအချစ်တွေလည်း
မင်းကို အကုန်ပေးပြီးပြီးပဲ ဘာမှမကျန်တော့ပါဘူး
မင်းခံယူထားသလိုပေါ့
ငွေဟာ ဒုတိယ ဘုရားသခင်
ငါ့အတွက်တော့ မင်းသာလျှင် ဒုတိယ ဖန်ဆင်းရှင်ပါ
ဝေးခဲ့ ကြပြီးပဲလေ အချစ်ထက်အရေးကြီးတာတွေ
မင်း ရဲ့ ဘဝကို အပိုင်စားရသွားပြီပဲ
ငါကဘာကို မျှော်လင့်နေရဦးမှာလဲ
အချစ်နဲ့  ဝေးကွာတဲ့ အဆိုးဆုံးဒုက္ခကို
ငါခံစားခဲ့ ပြီးပြီးပဲ နောက်ထက် အသဲကွဲလည်း ကွဲပါစေတော့
အရာရာထက် မင်းကိုချစ်မိတဲ့ ငါပဲ အပြစ်ရှိတယ်ပေါ့
သြော်...
ပကာသနမရှိတဲ့  အချစ်က
အခုတော့ ရင်ထဲက ဗလာနတ္ထိနဲ့ 
ဒီကဗျာကို ရေးစပ်မိတယ်
အချစ်ထက် အရေးကြီးတာတွေ
လောကမှာ ရှိနေတာ ငါသိလိုက်ပါပြီလေ..............
ဖိုးခွားလေး
Tuesday, December 31, 2013
သံယောဇဉ်ငှက်
သံယောဇဉ်
ငှက်ကလေး
နှလုံးသား
သစ်ကိုင်းပေါ်မှာ
ဝင်ရောက်ခိုနားနေခဲ့ပါတယ်
အချိန်တန်၍
ပြန်လည်ထွက်ခွာသွားတော့
ကိုင်းဖျားလေးမှာ
တစ်သိမ့်သိမ့်တုန်ခါ
ကျန်နေရစ်ပါတယ်
ပြန်လေသူမသိပေမယ့်
ကျန်လေသူရင်မှာ မချိပါဘူး.....။
သံယောစဉ်ငှက်ကလေးရေ....
ပြန်မလာတော့မှန်းသိပေမယ့်လဲ
ကိုင်းဖျားလေးကတော့
ရူးမိုက်စွာနဲ့
တမ်းတနေဆဲပါ.............
♫♪ နေရောင်♪♫
ရူးရလေတယ် ချစ်သူရယ်
အိမ်မက်ဖြူဖြူ ပုံပြောတက်တဲ့ချစ်သူ
ပုံပြင်ကြိုက်တဲ့မောင်ကိုယ်
ပုံပြင်ထဲမှာပဲထားသွားရက်တယ်နော်...။
သူပြန်လာချိန်ကိုတမ်းတ
မှန်းဆလွမ်းမိပေါ့ ဟိုအရင်လို
အခြအနေမတူ ဘ၀ချင်းခြား
ဆင်းရဲသားလေးမို.
မောင်ကိုပစ်ထားရက်တာလား ချစ်ဦးမေ....။
အိမ်မက်တွေဝေး ညစဉ်တိုင်းဆွေး
ကော်ဖီခွက်လေးလဲ အေးခဲကုန်ပြီး
အော်.........
ဒဏ်ရာတွေနဲ့အထီးကျန်
ငါ့အချစ်က ကဗျာမဆန်လိုက်တာ
ချစ်ဦးမေရယ်............................။
♫♪ နေရောင်♪♫
Subscribe to:
Posts (Atom)













